Blog

ဘာသင်ရင်ကောင်းမလဲ?

ဒီနေ့ခေတ်မှာဆိုရင် ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲလာတာနဲ့ အမျှ သတင်းတွေ ဆောင်းပါးတွေနဲ့ မီဒီယာတွေကို အရင်ကထက် အများကြီးပိုပြီးလက်လှမ်းမှီလာကြတယ်။ အရင်ကဆို သတင်းစာဖတ်ဖို့ သတင်းစာစောင်ဝယ်ရတယ်။ ဒါတောင်မှ သတင်းစာတစ်ခုနဲ့တစ်ခုက မတူကြဘူး။ အခုဆိုရင် ဖုန်းပေါ်ကနေပြီးတော့ပဲ သတင်းတိုက်မျိုးစုံက သတင်းတွေကို တစ်နေရာတည်း တစ်ချိန်တည်းမှာ ဖတ်လို့ရနေပြီ။ ထိုနည်းတူပဲ ဆောင်းပါးတွေ မဂ္ဂဇင်းတွေဆိုလဲ စာအုပ်တွေတင်မကတော့ဘဲ အွန်လိုင်းမှာပါ တော်တော်များများဖတ်လို့ရနေကြပြီ။

ဒီလို ဖတ်ရမယ့်စာတွေ များလာတော့ စာဖတ်တဲ့သူတွေအနေနဲ့ ဗဟုသုတရစရာ နေရာပိုများလာတယ်။ အင်တာနက်ပေါ်မှာက မျိုးစုံရှိနေပြီဆိုတော့ အရင်က မမြင်ဖူး မကြားဖူးတာတွေလည်း မြင်ဖူးတွေ့ဖူးလာတယ်။ သိစရာ သင်ယူစရာတွေ ပေါလာတာနဲ့ အမျှ တစ်နေ့တစ်နေ့ ခေါင်းထဲကို ဝင်လာတဲ့အချက်အလက်တွေက အများကြီးဖြစ်လာတယ်။ Data booming ဖြစ်တော့ပိုဆိုးလာတယ်။ အသုံးဝင်တာရော မဝင်တာတွေရော အကုန်ခေါင်းထဲမှာပြည့်လျှံကုန်တတ်ကြတယ်။ အနုပညာရှင်သတင်းတွေ၊ memes တွေ၊ အစားအသောက်ပုံတွေ၊ ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့စာတွေ အကုန်ရောထွေးနေတော့တယ်။ အဲ့ဒီတော့ မလိုအပ်တဲ့ အချက်အလက်တွေ ခေါင်းထဲကထုတ်လိုက်ပြီး ဘယ်လိုဟာတွေပဲ သိမ်းထားသင့်လဲဆိုတာကို ပြောမှာဖြစ်ပြီး အွန်လိုင်းက စာတွေ ရှာဖွေဖတ်ရင်း ကိုယ်ဘာ့သာကိုယ် သင်ယူနေကြတဲ့သူအတွက် အထောက်အကူဖြစ်ဖို့ရည်ရွယ်ပါတယ်။

အွန်လိုင်းမှာ စာတွေဖတ်ရင်း မသိတာတွေကို သိလာရတဲ့အခါမှာ မသိသေးတာတွေကို ပိုပိုသိချင်လာတာရှိတယ်။ အဲ့လို သိချင်လို့စာတွေ နောက်ထပ် ဖတ်ရင်းဖတ်ရင်း ခေါင်းက ပြည့်လျှံသွားပြီး နောက်ဆုံးဘာမှမမှတ်မိတော့တာမျိုးလဲ ရှိတတ်တယ်။ အဲ့လို အခြေအနေမျိုးမှာဆို ဘာတွေကို ဖတ်ပြီး မှတ်ရမလဲဆိုတာ checklist လေးအောက်မှာလုပ်ထားပေးပါတယ်။

အနာဂတ် – အခုသင်ယူမယ့်အကြောင်းအရာက လက်ရှိမှာပဲသုံးပြီးမေ့ပစ်လိုက်ရမယ့်အရာမျိုးလား နောင်တစ်ချိန်မှာပဲ အသုံးဝင်ဦးမှာလား

အသုံးဝင်မှု – အခုသင်မယ့်ဟာက ကိုယ့်ပြဿနာအတွက် ဖြေရှင်းပေးဖို့ အထောက်အကူဖြစ်မှာလား၊ ကိုယ့်ရဲ့ပန်းတိုင်အတွက် နောက်တစ်လှမ်းလှမ်းဖို့ အကူအညီပေးနိုင်မှာလား

အခုချက်ချင်း – သင်ပြီးတာနဲ့ အခုချက်ချင်းသုံးရမှာလား

ရှားရှားပါးပါး – ကိုယ့်နယ်ပယ်မှာ တခြားသူတွေသိပ်မသိသေးတဲ့ အကြောင်းအရာဖြစ်နေတာလား

ကျယ်ပြန့်မှု – အလုပ်နယ်ပယ်တစ်နေရာတည်းမှာ မဟုတ်ဘဲ တခြားနယ်ပယ်တွေမှာပဲ အသုံးဝင်တဲ့ ပညာရပ်မျိုးလား

ပေါင်းစပ်နိုင်မှု – ကိုယ်သိပြီးသားပညာရပ်မှာ ထပ်ဖြည့်ပြီး ပညာရပ်ပိုင်း ပိုတိုးတက်သွားနိုင်တာမျိုးလား

အပေါ်က အချက်တွေမှာ ပါနေတယ်ဆိုရင် တစ်ချက်ကို တစ်မှတ်ပေးပါ။ ငါးချက်လုံး ပါနေတယ်ဆိုရင်တော့ ငါးမှတ်ပေါ့။ အမှတ်များတဲ့ အကြောင်းအရာကို အရင်လေ့လာသင့်ပါတယ်။ ဒီအချက်လေးတွေနဲ့ တိုက်စစ်ရင်း ဘယ်အကြောင်းအရာကို ဦးစားပေးလေ့လာသင့်လဲဆိုတာ ဆန်းစစ်နိုင်ပါလိမ့်မယ်။

အပိုဆောင်း – ကျောင်းနဲ့ပတ်သက်တဲ့စာ၊ အလုပ်နဲ့ပတ်သက်တဲ့စာတွေကို အွန်လိုင်းမှာ မိမိဘာသာ လေ့လာသင်ယူကြရတဲ့အခါမှာ နည်းပြဆောင်းပါးတွေ ဗွီဒီယိုတွေ မျိုးစုံတွေ့ရကြလိမ့်မယ်။ ဥပမာ – သင်္ချာမှာသင်ရတဲ့ algebra အခန်းဆိုပါစို့။ Algebra ကို ရှင်းပြထားတဲ့နေရာတွေကို ရှာနိုင်သလောက်ရှာ၊ ဖြစ်နိုင်ရင် ၄၊ ၅ မျိုးလောက်ရှာပြီး စာရင်းလုပ်ထားပါ။ အဲ့ဒါတွေထဲကမှ ဘယ်ဆောင်းပါးကိုရေးတဲ့သူ၊ ဘယ်ဗွီဒီယိုမှာ သင်ပေးတဲ့သူက ပိုကောင်းလဲဆိုတာကို အချိန်ပေးပြီး တစ်ခုချင်းစီ ပြန်လည်ဆန်းစစ်ပါ။ ပြီးရင် နောက်ထပ်သင်ခန်းစာတွေအတွက် ရှင်းပြတာကောင်းတဲ့ ဆိုက်တွေကိုမှတ်ထားပါ။ ရှင်းပြတဲ့ဗွီဒီယိုတွေ ဆောင်းပါးတွေ အကုန်ကြည့်ပြီး cross-check လုပ်ရင်းနဲ့ ဒီဘာသာရပ်ကို ပိုနားလည်သွားပါလိမ့်မယ်။

စာဖတ်တာ ၂မျိုးရှိတယ်၊ ၁မျိုးကအသုံးမဝင်ဘူး

စာဖတ်တယ်ဆိုတာ စိတ်ရဲ့စွမ်းအားနဲ့ ဆက်နွယ်ခြင်း ဖြစ်တယ် ။ စာအုပ်ဆိုတာ လူသားတွေ တီထွင်ထားခဲ့သမျှ နည်းလမ်းတွေထဲမှာ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

Homer, Shakespear, Voltaire, Flaubert, Tolstoy, Woolf, Hemingway – ဒါတွေဟာ လူအကောင်အထည်လိုက် ပြလို့မရပေမယ့် အသက်ရှင်နေတဲ့ နာမည်တွေ ဖြစ်တယ်။ သူတို့ကို မတွေ့နိုင်၊ မထိနိုင်တော့ပေမယ့် သူတို့ရဲ့ အတွေးတွေက သူတို့ရေးထားတဲ့ စာတွေကနေ တဆင့် ထာဝရ အသက်ရှင်နေတယ်။

Aristotle ရဲ့ လောဂျစ်, Kepler ရဲ့ နက္ခတ်ဗေဒ, Newton ရဲ့ ရူပဗေဒ, Darwin ရဲ့ ဇီဝဗေဒ, Wittgenstein ရဲ့ တွေးခေါ်ပညာ – ဒါတွေက သက်ရှိထင်ရှား ဖန်တီးသူတွေ မရှိတော့ပဲ ကျန်ခဲ့တဲ့ အတွေးတွေပဲဖြစ်တယ်။ သူတို့ဟာ ထိုအတွေးတွေနဲ့ ပတ်သက်ပြီး ဆက်လက် မဆွေးနွေး မငြင်းခုံနိုင်ကြတော့ပေမယ့် သူတို့ချန်ထားခဲ့တဲ့ ဗဟုသုတအိုး၊ တစ်နည်းအားဖြင့် စာအုပ်တွေက တစ်ဆင့် ကျွန်တော်တို့ကတော့ ဆက်လက် ဆွေးနွေးနိုင်ကြတယ်။

(more…)

ကျွန်ုပ်၏ ဒစ်ဂျစ်တယ် ပုံဆွဲလက်ရာများ

ဤပို့စ်လေးထဲတွင် ကျွန်ုပ်၏ လက်ရာများကို စုဆောင်းသိမ်းဆည်းထားပါသည်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

(more…)